
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စည်ပင်သာယာစျေးတွင် ကြက်သွန်နီ ကုန်စည်များနေ့စဥ် စီးဝင်စီးထွက်ရောင်းဝယ်လျက်ရှိရာ ကြက်သွန်နီစျေးနှုန်းမှာ ယခင်အပတ်တွင် ကြက်သွန်နီ တစ်ပိသာလျှင် (၄၀၀၀)ကျပ် ဖြစ်ရောင်းဝယ်လျှက် ရှိပါသည်။ ယခုဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ထားဝယ်မြို့ အတွင်းသို့ ကုန်စည်ဝင်ရောက် မှုများပြားလာခြင်းကြောင့် ကြက်သွန်နီမှာ တစ်ပိသာလျှင် (၄၀၀၀)ကျပ် မှ (၃၅၀၀) ကျပ် အထိကျဆင်းလာကြောင်း ထားဝယ်မြို့စည်ပင်သာယာစျေးကြီး အတွင်းကုန်ခြောက် ရောင်းချသူ တစ်ဦးထံမှသိရှီရပါသည်။
DOCA(တနင်္သာရီ)