ပြည်တွင်းကုန်သွယ်မှုသတင်းများ
ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးတွင် ပြောင်းဖူးများ ဈေးကောင်းလျက်ရှိပါသည်။ ပြောင်းဖူးကို ပြုတ်၍စားကြသလို ကြော်၍ဟင်းလျာအဖြစ်လည်း စားသုံးကြပါသည်။ စားသောက်ဆိုင်များတွင် ရောင်းချသော မာလာရှမ်းကော၊ ဟော့ပေါ့များထဲတွင်လည်း ပါဝင်ပစ္စည်း အဖြစ်အသုံး ပြုကြပါသည်။ ပြောင်းဖူးကိုဖုတ်စားပါက အနံ့မွှေးပြီးစားကောင်းပါသည်။

ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းလိုလိုခြံထွက် အိမ်ခြံစည်းရိုးများတွင် လည်းစိုက်ပျိုးကျပါသည်။ ယခုလအချိန် ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ပြန်ရောင်းသမားများက အပင်ပြတ်ဝယ်ယူကြသကဲ့သို့ ခြံများတွင်လိုက်လံကြည့်ရှုကာ အသီးများလိုက်ကောက်၍ ဝယ်ယူကြကြောင်းသိရပါသည်။

ကြက်ပေါင်သီးများမှာ ဥယျဉ်ခြံမြေများနှင့်တောတောင်များတွင်ပေါက်ရောက်ပြီး အသီးများရင့်လာသောအခါ ဒေသခံပြည်သူများမှခူးဆွတ်၍ ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကာ မိသားစုအပိုဝင်ရရှိနေကြောင်းသိရသည်။ ကြက်ပေါင်သီးများကို အသားငါးများနှင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ပုဇွန်ငါးပိနှင့် ကြော်စာ

ပူစီနံပင်ကို နေရာဒေသမရွေး စိုက်ပျိုး၍ရနိုင်ပါသည်။ မြေအိုး၊ ပန်းအိုး၊ ပလတ်စတစ်ဘူးခွံများတွင် မြေဆွေး၊ နွားချေးထည့်၍လည်း တပိုင်တနိုင်စိုက်ပျိုး၍ ရပါသည်။ အချို့က စိုက်ခင်း အဖြစ် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပူစီနံပင်ကို ရေမပြတ်လောင်းပေးနိုင်က တစ်နှစ်ပတ်လုံး စားသုံးနိုင်ပါသည်။ ဆောင်းတွင်းကာလတွင် ဖြစ်ထွန်းမှုနည်းပြီး

ထားဝယ်မြို့၊ ဗျောတောဝရပ်၊ အာဇာနည်လမ်းဘေးဆိုင်များတွင် ရာသီစာဖရဲသီးများကို စတင်ရောင်းချလျက်ရှိပြီး၊ ရန်ကုန်နှင့်မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်း ချကြောင်း သိရသည်။ ဖရဲသီးသည် အရည်ရွှမ်းပြီးချိုသောကြောင့် သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည်ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကို
