
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး တံငါလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိကြပါသည်။ အချို့သည် မြို့ပေါ်ရှိ ငါးဒိုင်များသို့ လာရောက်ရောင်းချပြီး အချို့မှာ ကိုယ်တိုင်လာရောက် ရောင်းချကြောင်း သိရသည်။ငါန်းဇွန်မြို့နယ်တစ်ဝှမ်းရှိ ကျေးရွာများသည် ငါန်းဇွန်မြို့ပေါ်သို့ ငါးချဉ်များ လွန်စွာမှကြိုက်နှစ်သက်ကြ၍ လူကြုံမှာယူ စားသောက်ကြပါသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင် သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ ငါးရံ့ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးဖယ် (ကောင်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်နှင့် ငါးချဉ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငါးရောင်းချသူထံမှ သိရသည်။
DOCA(မန္တလေး)
