ငါန်းဇွန်မြို့  မြို့မစည်ပင်သာယာဈေးရှိ မီးဖိုချောင်သုံးသီးနှံဈေးနှုန်းများ

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်သည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၇၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (ရှည်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်ပု တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ဂျင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်ခြောက်ရောင်းချသူထံမှ သိရသည်။ DOCA(မန္တလေး)