စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ကုန်စုံဆိုင်များနှင့် အုန်းပင်ခေါက်ဆွဲစက်ရုံများသို့ သွားရောက်၍ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်စစ်ဆေးရေးမှူး၊  မြို့နယ်စစ်ဆေးရေးမှူးများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၅.၁.၂၀၂၁)ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ပါရမီရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်၊ အိုးဘိုရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်နှင့် အုန်းပင်ခေါက်ဆွဲစက်ရုံများသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူ ပြည်သူများအတွက် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြြခင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များကို ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ COVID ကာလအတွင်း အရေးကြီး ကုန်စည်များဖြစ်သည့်  Mask , HandGel များ၊ စားသုံးကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် ဆိုင်သို့ ပို့ဆောင်ပေးသော လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးရေး တဆင့်ပြောကြားပေးရန် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက ရောင်းချခြင်း မပြုရန် အသိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း )