လူသုံးကုန်ပစ္စည်း ဝယ်ယူခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၂၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် စတိုးဆိုင်တစ်ခုမှ အမှုန့်ကြိတ်စက်ကို ဝယ်ယူခဲ့ရာစက်အောက်ခြေမှ မီးပွားများထွက်၍ လဲလှယ်ရာတွင် ပစ္စည်းအစားထိုး လဲလှယ်ပေးခြင်း မရှိသောကြောင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့် ပတ်သက်၍  ၂၉-၃-၂၀၂၃ ရက်နေ့တွင် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စတိုးဆိုင်ပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းရာ တိုင်ကြားသူသည် ပစ္စည်းကို အသုံးပြုထားပြီးဖြစ်သဖြင့် လဲလှယ်ပေးခြင်းမပြုနိုင်ကြောင်း၊ ပစ္စည်းကို ပြန်လည်ပြုပြင်ပါက ပြင်ဆင်ခတန်ဖိုးကို ပေးချေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တိုင်ကြားသူမှ အမှုန့်ကြိတ်စက်ကို ပြင်ဆင်ပြီးနောက် ပြင်ဆင်ခ ၁၀၀၀၀ ကျပ်ကို စတိုးဆိုင်က ပေးအပ်ခဲ့သဖြင့် တိုင်ကြားသူမှ လက်ခံရရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။ 

DOCA(consumer affairs)