ကျိုက်လတ်မြို့ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

      ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊  ဇွန်လ(၈)ရက်နေ့၊  နံနက်(၁၂:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်(၁၀)ဦးအား   မြို့နယ်တာဝန်ခံရုံးတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးဟောပြောပွဲတွင်   မြို့နယ်တာဝန်ခံသည်    စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊  စားသုံးသူကာကွယ်ရေး   ဥပဒေပါအခန်း(၁၈)ပုဒ်မ(၄၁)(၄၃)ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများပြောကြားခြင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင်စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန့်ကြားချက်များ၊စားသုံးသူ များနစ်နာမှုဖြစ်ပေါ် လာပါကတိုင်ကြားခွင့်စင်တာများဖွင့်ထားကြောင်းCall Center (1535)ကိုလည်း ဆက်သွယ် တိုင်ကြား နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)