ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊ ဇွန်လ(၈)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈)ပုဒ်မ(၄၁)(၄၃)ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများပြောကြားခြင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင်စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန့်ကြားချက်များ၊စားသုံးသူ များနစ်နာမှုဖြစ်ပေါ် လာပါကတိုင်ကြားခွင့်စင်တာများဖွင့်ထားကြောင်းCall Center (1535)ကိုလည်း ဆက်သွယ် တိုင်ကြား နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)