Sprite အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင်ရောင်းချနေသော Sprite အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များပါဝင်းခြင်းရှိမရှိတို့ကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ အချိုရည်အရောင်း(၃)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက Sprite အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ခြင်း၊ လုပ်ငန်းရှင်များကို မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသာဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန် ပညာပေးပြောကြားခဲ့ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်သောကုန်စည်များကိုရောင်းချရန်၊ ဌာနဆိုင်ရာတို့၏ထောက်ခံချက်နှင့် ကုန်အညွှန်းမပါဝင်သောကုန်စည်များကိုရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ခြင်းတို့ဆောင်ရွက်ကာ အချိုရည်များကိုစစ်ဆေးခဲ့ရာ ထောက်ခံချက်နှင့် ကုန်အညွှန်းပါဝင်သောကုန်စည်များသာရောင်းချနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)