“ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ကြက်မွေးမြူရေးဇုန်သို့ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

   (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဝန်ထမ်းများသည်  ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာရှိ ကြက်မွေးမြူရေးဇုန်သို့သွားရောက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ကျောက်မဲမြို့၊ ကြက်မွေးမြူရေးဇုန်စုစုပေါင်းအကျယ်အဝန်းမှာ (၈၀) ဧကရှိကြောင်းသိရှိရပြီး ကြက်မွေးမြူထုတ်လုပ်မှု၊ ထွက်ရှိမှု၊ တင်ပို့မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ကြက်မွေးမြူရေးလုက်ငန်းရှင် ဒေါ်နန်းပွင့်နိုင်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ မိမိသည် ကြက်မွေးမြူရေးဇုံတွင် (၄) ဧကပိုင်ဆိုင်ကြောင်း၊ လက်ရှိမွေးမြူထားရှိသည့်ကြက်များထဲမှ ဥထုတ်လုပ်ပေးနေသည့် ဥကြက်မအကောင်ရေ (၄၀၀၀၀) ကောင်၊ လက်ရှိမဥသေးသောကြက်ကောင်ရေ (၁၀၀၀၀) ကောင်၊ အပြည့်အဝမွေးမြူနိုင်သော ဥစားကြက်မကောင်ရေ (၅၀၀၀၀) ကောင်၊ အပြည့်အဝမွေးမြူနိုင်သောကြက်ပေါက်နှင့် ကြက်မဒါန်းကောင်ရေ (၇၀၀၀) ကောင်တို့ရှိကြောင်း၊ ကြက်ဥထွက်ရှိမှုမှာ တစ်လလျှင် ပျမ်းမျှအားဖြင့် (၄၆) ကောင်ရှိကြောင်း၊ ကြက်ခြံမှထွက်ရှိသည့်ကြက်ဥများကို မန္တလေးမြို့သို့ (၉၀%) နှင့် မြို့တွင်းတွင် (၁၀%) တင်ပို့ကြောင်း၊ ဥတုံးကြက်များကို လားရှိုးမြို့သို့ (၉၀%) နှင့် မြို့တွင်းတွင် (၁၀%) တင်ပို့ကြောင်း၊ ကြက်ဥဈေးနှုန်းများမှာ တစ်ပိဿာလျှင် ခြံကောက်ဈေး (၆၀၀၀) ကျပ်၊ ဥတုံးကြက်အိုတစ်ကောင်လျှင် အကောင်ပြတ်ခြံကောက်ဈေး (၁၁၀၀၀) ကျပ်ဖြစ်ကြောင်းသိရပြီး ၎င်းကြက်ခြံတွင် လုပ်သားဦးရေ (၃၁) ဦးရှိ၍ လုပ်အားခမှာ တစ်လလျှင် (၃၀၀၀၀၀) ကျပ်ပေးရကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ရှမ်း)