စစ်ကိုင်းခရိုင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း၊  အသေးစား၊ အငယ်စား၊ အလတ်စား (MSME)စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများ၏ ကုန်ကြမ်းရရှိမှု၊  ကုန်ချောထွက်ရှိမှုနှင့် ဈေးကွက်ဈေးနှုန်း အခြေအနေများကို ဆွေးနွေးမေးမြန်း မှတ်တမ်းတင်ခဲ့ပါ သည်။

     စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းစားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း ၆ ကြိမ် ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ၁၆ကြိမ်၊ ‌ဈေးကွက်စောင့်ကြည့်ခြင်း ၁၂ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)