စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME)စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများ၏ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှုနှင့် ဈေးကွက်ဈေးနှုန်း အခြေအနေများကို ဆွေးနွေးမေးမြန်း မှတ်တမ်းတင်ခဲ့ပါ သည်။
စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းစားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်း ၆ ကြိမ် ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ၁၆ကြိမ်၊ ဈေးကွက်စောင့်ကြည့်ခြင်း ၁၂ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)