ရပ်ကွက်အတွင်းရောင်းချနေသော ဆေးဝါးများနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည်  ဆေးဝါး(၂)မျိုးကို တန်ဖိုးငွေ  (၂)သိန်းကျော်ဖြင့် ရပ်ကွက်အတွင်း ရောင်းချနေသောကြောင့် ၎င်းဆေးဝါးများသည် FDA ခွင့်ပြုချက် ရှိ/မရှိနှင့် တရားဝင်ဆေးဝါးများ ဟုတ်/မဟုတ်ကို အများပြည်သူ သိရှိနိုင်စေရန်အတွက် စစ်ဆေးပေးနိုင်ပါရန် Website Complaint System  မှတစ်ဆင့် တိုင်ကြားလာပါသည်။

   တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပါရန် ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ရာ တိုင်ကြားစာပါ ဆေးဝါး(၂)မျိုးအနက် တစ်မျိုးမှာ FDA တွင် မှတ်ပုံတင် ဆောင်ရွက်ထားမှုမရှိပါကြောင်းနှင့် ကျန်တစ်မျိုးမှာ အစားအသောက်ဌာနခွဲတွင် သွင်းကုန်ကျန်းမာရေးထောက်ခံချက် ရရှိထားပြီးဖြစ်ပါကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြန်လည်အကြောင်းကြားလာသည့်အတွက် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ် အကြောင်းပြန်ကြားပေးရာတွင် “ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများ၏အသံအား နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် FDA ထောက်ခံချက်မရှိဘဲ တင်သွင်းနေမှုများကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်ပေးပါရန်” တိုင်ကြားသူမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ တိုင်ကြားလာသော ဆေးဝါးများနှင့် ပတ်သက်၍ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်ကြားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)သို့ အမှုလွှဲပြောင်းပေးပို့ခဲ့ပြီး တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(Consumer Affair)