ဂျပန်ကျရေခဲသေတ္တာဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ ဂျပန်ကျ ရေခဲသေတ္တာ(၁)လုံး ဝယ်ယူခဲ့ရာ ရေခဲသေတ္တာ၌ ချို့ယွင်းချက်ရှိနေသည့်အတွက် ဝယ်ယူ ပြီး(၁၀)ရက်အတွင်း အကြောင်းကြားခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသောကြောင့် Website Complaint System  မှတစ်ဆင့် တိုင်ကြားလာပါသည်။

     တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် တိုင်ကြားသူသည် ကုမ္ပဏီမှ ဂျပန်ရေခဲသေတ္တာ တစ်လုံးအား တန်ဖိုးငွေ ၂၂၀,၀၀၀/-ကျပ်ဖြင့် ဝယ်ယူခဲ့ပါကြောင်း၊ ရေခဲသေတ္တာအား ဝယ်ယူပြီး (၁၀)ရက်အတွင်း၌ ချို့ယွင်းချက်ရှိနေကြောင်း တိုင်ကြားသူမှ ဖုန်းဆက်အကြောင်းကြားခဲ့သည့်အတွက် ကုမ္ပဏီဘက်မှတိုင်ကြားသူအား ရေခဲသေတ္တာတစ်လုံးဖြင့် အစားထိုးလဲလှယ် ပေးပြီးဖြစ်ပါ ကြောင်း၊ ရေခဲသေတ္တာအား လဲလှယ်ရေး ဆောင်ရွက်နေစဉ်အတွင်း ကြန့်ကြာမှုအနည်းငယ်ရှိသည့်အပေါ် တိုင်ကြားသူမှ တိုင်ကြားခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။  တိုင်ကြားသူမှလည်း ကုမ္ပဏီဘက်မှ ရေခဲသေတ္တာတစ်လုံး အစားထိုးလဲလှယ်ပေးခဲ့ပါကြောင်းနှင့် ဖြေရှင်းပေးမှုအပေါ် ကျေနပ်မှုရှိပါကြောင်း အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(Consumer Affair)