ရွှေဘိုမြို့၌ စားသုံးဆီံရောင်းချသည့်လုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်ပြီး ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် (၁) ဦးနှင့် အမှတ် (၇) ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် (၂) ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီများသယ်ယူရာတွင် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသောကုန်စည်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့်ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်ကိုက်ညီစေရေးအတွက် ဈေးကွက်အတွင်းသို့ဖြန့်ဖြူးခြင်းမပြုမီ ထပ်ပိုးကပ်ခြင်း (သို့မဟုတ်) ထုပ်ပိုးပစ္စည်းအသစ်အသုံးပြုခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)