
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း (၂) ဦး၊ အမှတ် (၃)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ “ဦးကြည်မြင့်” ကုန်စုံဆိုင်နှင့် “ကြံတိုင်းအောင်” စတိုးဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Coca-Colapinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော Sprite® အမှတ်တံဆိပ်နှင့်ပုံစံတူ ထိုင်းဘာသာဖြင့်ဖော်ပြထားသော Sprite®အချိုရည်များကိုရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပြီး ကန့်ဘလူမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသောအချိုရည်များကိုသာရောင်းချရန်မှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)