မဘိမ်းမြို့နယ်၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်အတွက် မိုးစပါးရည်မှန်းချက်စိုက်ဧကမှာ (၂၃၉၉၆) ဧကဖြစ်ပြီး ယခုလက်ရှိအချိန်တွင် (၆၆၅၄) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ မိုးစပါးကို လယ်စိုက်ဧက (၂၁၆၃၄) ဧက၊ ယာ (၂၂၉၂) ဧကနှင့် တောင်ယာ (၇၀) ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။

မဘိမ်းမြို့နယ်တွင် မိုးစပါးကို ဆင်းဧကရီ-၃ (ဒေသအခေါ်ဆင်း-၃) မျိုးစပါးနှင့် ဝက်မမျိုးစပါးများကိုစိုက်ပျိုးကြကြောင်းနှင့် ဈေးကောင်းလည်းရ၊ ဒေသခံများက ပိုမိုစားသုံးသည့် ဆင်းဧကရီ-၃ (ဒေသအခေါ် ဆင်း-၃) စပါးမျိုးကိုပို၍စိုက်ပျိုးကြသည်။ အခြောက်ကြဲပက် စိုက်ပျိုးနည်းနှင့် Seeder (ခေါ်) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးသည့်နည်းကိုလည်း အသုံးပြုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ Seeder) (ခေါ်) မျိုးစေ့စက်ဖြင့် စိုက်ပျိုးသည့်နည်းလမ်းသည် စပါးအထွက်ပို၍ကောင်းကြောင်း သိရှိရပါသည်။

မိုးစပါးကို ဇွန်လ (၁၅) ရက်နေ့နောက်ပိုင်းမှစတင်၍ စိုက်ပျိုးကြကြောင်းနှင့် ဇူလိုင်လကုန်တွင် အပြီးစိုက်ပျိုးကြပါသည်။ ဆင်းဧကရီ-၃ (ဒေသအခေါ် ဆင်း-၃) စပါးမျိုးသည် စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း (၁၃၅) ရက် (လေးလခွဲ) ကြာလျှင် ရိတ်သိမ်း၍ရကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)