ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၁၇ )ရက်နေ့၊ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ အမှတ်( ၁ )ရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် ကျောင်းသား / ကျောင်းသူ(၁၅၀)ဦးနှင့် ဆရာ/ဆရာမ(၁၀)ဦး စုစုပေါင်း(၁၆၀)ဦးတို့ကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း( ၁၈ )ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ညွှန်ကြားချက် အမှတ်၂/၂၀၁၉ ကုန်စည်အမျိုးအစားအလိုက်ဇယားများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် ဆောင်ရွက်မှုအခြေအနေများ၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့အား ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)