Main menu

ကျိုက်လတ်မြို့ရှိ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်   ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊          ဇူလိုင်လ (  ၁၇  )ရက်နေ့၊  နေ့လယ်(  ၁၃:၀၀  )နာရီအချိန်တွင်    ကျိုက်လတ်မြို့ ၊ အမှတ်(  ၁  )ရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် ကျောင်းသား / ကျောင်းသူ(၁၅၀)ဦးနှင့် ဆရာ/ဆရာမ(၁၀)ဦး   စုစုပေါင်း(၁၆၀)ဦးတို့ကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ   စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏  တာဝန်များ၊ အခန်း( ၁၈ )ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာများနှင့် ညွှန်ကြားချက်    အမှတ်၂/၂၀၁၉ ကုန်စည်အမျိုးအစားအလိုက်ဇယားများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း     လုပ်ငန်းများ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့်  ဆောင်ရွက်မှုအခြေအနေများ၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့အား ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)