ဆေးဘက်ဝင် ဈေးကွက်ဝင်နေသော ရှားစောင်းလက်ပပ်

Powered by Drupal

      နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ်အပင်ကို ကျမတို့ စစ်ကိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါတယ်။ ရှားစောင်းလက်ပပ်အပင်သည် မြေကြီးအစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ် အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်)ရှားစောင်းလက်ပပ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့မြေမျိုး ရှားစောင်းလက်ပပ်အပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံတွေကိုတော့ တော်တော် များများက သိရှိကြမှာဖြစ်ပါတယ်၊၊ ဒါကြောင့်မို့ ရှားစောင်းလက်ပပ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြချင်ပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင်ခြည်လုံလုံလောက်လောက်ရရှိရပါမယ်၊ ရေလောင်းတဲ့အခါ အကြိမ်ရေကို လျော့လောင်းရပါမယ်၊ ရှားစောင်းလက်ပပ် စိုက်ပျိုးသင့်တဲ့ အမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်ကူစေပြီး ‌ရေဓာတ်သို မှီးထားနိုင်တဲ့ မြေမျိုးဖြစ်ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင်သင့်မြေတွေကို မြေဆွေးတွေနဲ့ရောမွှေ၍ စိုက်ပျိုးလည်းရ ပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ် အသင့်အတင့် ရရှိရုံနှင့် စိုက်ပျိုးနိုင်ပါတယ်၊ စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်ဆွေး နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း၊ ဖြည့်စွက်ရောနှော စိုက်ပျိုးလည်းရပါတယ်၊ သစ်ရွက် ဆွေးမြေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစား မြေမျိုး ဖြစ်သွားမှာဖြစ်ပါတယ်၊ ရှားစောင်းလက်ပပ်အပင်က အက်ဆစ်အချဉ်ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကို နှစ်သက်ကြောင်းသိရှိရပါတယ်။ ရှားစောင်းလက်ပပ်အပင်စိုက်ပျိုးနည်းများ ရှားစောင်းလက်ပပ်အပင်ကို ပန်းအိုးထဲစိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊ မိမိတို့ကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုးလို့ရပါတယ်၊ စိုက်နည်း မတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြားမှုရှိတတ်ပါတယ်။ မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်အပင်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ပင် ထက်ပိုပြီး အပေါက်မြန်ပြီး ကြီးထွားသန်မာစေပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို တစ်ပင်နှင့် တစ်ပင်(၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်မှာအပင်အလက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင်လာပါမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အပင်လက်များသည် ယခုနွေဥတုမှာ အတွင်းအနှစ်က အနည်းငယ် သာရှိပြီး မိုးဥတုနှင့်ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင် အလက်ကို ဓားဖြင့် လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက် ဝင်ပါတယ်။ ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီ ပုံပေးပါက ပိုမို၍ ဖြစ်ထွန်းလွယ်ပါတယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးဖို့ အချိန်အခါကောင်းက ဆောင်းကုန်ပြီး မြူနှင်း ကင်းစင်တဲ့ မတ်လတွင် အကောင်းဆုံးစိုက်ပျိုးချိန်ဖြစ်ကြောင်း သိရှိရပါတယ်၊ နေရောင်ခြည် ရှားစောင်းလက်ပပ်ဟာ နေရောင်ခြည်ကို နှစ်သက်ပြီး အရွက်ထဲမှာ အသားလေးတွေ ပြည့်ဖောင်းရတဲ့အကြောင်းရင်းက နေရောင်ခြည်လုံလောက်စွာ ရရှိလို့ဖြစ်ကြောင်းသိရှိရပါတယ်၊ ဒါပေမယ့် ပျိုးပင်အစမှာတော့ နေရောင်ခြည်ဒဏ်ကို မခံနိုင်ကြောင်းလည်း သိရှိရပါတယ်။ မြေသြဇာမများစေနဲ့ ရှားစောင်းလက်ပပ်အပင်က စင်စစ်မှာတော့ မြေသြဇာမကျွေးလည်း ရှားစောင်းလက်ပပ် အပင်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်း ကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်‌စေပါတယ်၊ မြေသြဇာအကျွေးများလွန်းပြန်လျှင်လည်း အမြစ်ပုတ်သွား တတ်ပါတယ်၊ မြေသြဇာကို သင့်ရုံလောက်သာကျွေးပါ၊ ကျမတို့ ရုံးဝန်းအတွင်းစိုက်ပျိုးထားသည့် ရှားစောင်းလက်ပပ်အပင်ကို မြေသြဇာမကျွေးပဲ ပြာအနည်းငယ်နှင့် သစ်ရွက်ဆွေးများကိုသာ ထည့်ပေးပါတယ်၊ ရုံးဝန်းအတွင်း ရှားစောင်းလက်ပပ်အပင်များဖြင့် လှပနေသည်ကိုလည်း တွေ့ရှိနိုင်ပါတယ်၊ မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်း လက်ပပ် ထက် ပိုမိုပြီး ကြီးထွားလေ့ရှိပါတယ်၊ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည် ကောင်းကောင်းရတဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်း တွေဖြစ်ပါတယ်၊ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့ နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင်မျိုးဖြစ်လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်ကိုအရေးကြီးပါတယ်၊ အသစ်ပြန်စိုက်ပြီးတဲ့နောက် တစ်လ ရေမလောင်းပါနဲ့ တခြားအပင်တွေကို အပင်ပြောင်းရွှေ့စိုက်ပျိုးတာပဲဖြစ်ဖြစ်၊ အသစ်စိုက်ပျိုးတာပဲဖြစ်ဖြစ်၊ ရေကို လုံလုံလောက်လောက်လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ တခြား အပင်တွေနဲ့ မတူဘဲ အသစ်ကို ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး၊ တစ်လပြည့်ပြီးနောက်မှ ရေအဝ‌လောင်းရပါတယ်၊ အဲဒီအချက်ကို စိုက်ပျိုးမည့် သူများအနေနဲ့ အထူးဂရုပြုရမယ့်အချက်ဖြစ်ပါတယ်၊ ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်း လက်ပပ်အပင်ကို အသစ်ပြန်စိုက်လို့ရပါပီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးရင်တော့ ပဲဖတ်(သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော်(သို့)ကြက်ချေးခြောက်များကို မြေသြဇာအဖြစ် ကျွေးပေး ရပါတယ်၊ ဆောင်းတွင်းမှာတော့ မြေသြဇာ ကျွေးဖို့မလိုပါဘူး။ သားတက်ခွဲစိုက်နည်း သားတက်ခွဲစိုက်နည်းကတော့ မိခင်ပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ မိခင်ပင်မကြီးရဲ့ ဘေးကပေါက်နေတဲ့သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ် ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့ နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကို ထည့်စိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်မာလာမှ ရေလောင်းပါ၊ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်ကနည်းနည်း အဝါရောင် သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့၊အမြစ်တဖြည်း ဖြည်းရှည် ထွက်လာရင် အရွက်လဲ ပိုပြီးသန်လာပါလိမ့်မယ်၊ အရွက်ရဲ့ အရောင်ကလဲ အစိမ့်ရင့်ရောင် ပြောင်းလဲ လာတဲ့အခါမှ ရေလောင်းရမှာဖြစ်ပါတယ်။ ကျမတို့ ရွာတွေမှာတော့ မြေပြင်ကိုသာ အများအပြားစိုက်ပျိုးကြပြီး ပန်းအိုးနဲ့ စိုက်ပျိုးကြတာနည်းပါတယ်၊ မြို့ကြီးများမှာတော့ ရှားစောင်း လက်ပပ်ကို ပန်းအိုးနဲ့ အလှပင် အဖြစ်၊ ဆေးဝါးပင်အဖြစ် စိုက်ပျိုးထားရှိကြတာကိုလည်း တွေ့ရှိရ ပါတယ်၊ ယခုကို ဗစ်ကာလအတွင်းမှာ မြို့ကြီးတွေမှာ ရှားစောင်းလက်ပပ်အပင်ကို ပန်းအိုးနဲ့ စိုက်ပျိုးလာကြ သည်ကိုလည်း တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို ပန်းအိုးနဲ့ စိုက်ပျိုးပြီး တစ်အိုးလျှင်၂၀၀၀မှ ၅၀၀၀ အထိ အစားစားဈေးရှိသည်ကို သိရှိရပါတယ်။ ရှားစောင်းလက်ပပ်အစွမ်းအံ့မခန်း နတ်ဆေးပင်ကဲ့သို့ အဖက်ဖက်မှာ အသုံးဝင်တဲ့ဆေးဖက်ဝင် ရှားစောင်းလက်ပပ်အပင်ကို အစိမ်းစားမလား၊ လိမ်းမလား၊ မျက်နှာပေါင်းတင်မလား၊ အဖက်ဖက်က အသုံးပြုလို့ရပြီး ဘယ်လိုဘဲသုံးသုံး ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် ရောဂါလည်းပျောက်ပြီး လူတိုင်းအတွက် သုံးသင့်တဲ့ ဆေးဖက်ဝင်အပင် လည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အပင်ဟာ ဘယ်လောက်တောင် ဆွေးအစွမ်းထက်တယ်ဆိုတာ လက်တွေ့သုံးစွဲဖူးသူများ၊ ကိုယ်တိုင်သုံးစွဲခဲ့ခြင်းကြောင့်လည်း သိရှိရခြင်းဖြစ်ပါတယ်၊ လိပ်ခေါင်း ရောဂါဖြစ်နေသူများ၊ ဝမ်းသွားရင် သွေးပါသူများက ရှားစောင်းလက်ပပ်အစိမ်းကို မီးဖုတ်ပြီး နှစ်ကြိမ်လောက်စားလိုက်ရင် ပျောက်ကင်းသွားတယ်လို့ဆိုပါတယ်၊ နောက်ပြီး သွေးတိုးရောဂါ ရှိသူများက ရှားစောင်းလက်ပပ်ကို အထဲက အသားအနှစ်ကလေးများ ခြစ်ယူ၍ သကြား နည်းနည်းထည့်ပြီး သံပုရာသီးတစ်ခြမ်းလောက် ညှစ်ထည့်ပြီးသောက်သုံးပါက ၅ မိနစ်အတွင်း သွေးပေါင်ချိန်က Normal ပြန်ဖြစ်သွားတယ်လို့ဆိုပါတယ်၊ အရေးကြီးတဲ့အချက်ကတော့ ဘယ်ရွေ့ဘယ်မျှသုံးစွဲသင့်တယ်ဆိုတာပါပဲ၊ ကျမတို့မိဘပြည်သူတွေအနေနဲ့ စားသုံးမယ်ဆိုရင် စစချင်း တစ်ခါတည်း အများကြီးမစားသုံးသင့်ပါဘူး၊ နည်းနည်းချင်းကနေ စတင်စားသုံးသင့် ပါတယ်၊ ရှားစောင်းလက်ပပ်သည် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါသတယ်၊ နောက်တစ်ချက် အနေနဲ့က အစာအိမ်သမားများ၊ အစာအိမ်‌ရောင်တဲ့သူများ၊ ငရုတ်သီးအစားများတဲ့သူများ ဝမ်းပူတာပဲဖြစ်ဖြစ်၊ ရှားစောင်းလက်ပပ်စားလိုက်လျှင် ဝမ်းထဲမှာအေးသွားပြီး ပုံမှန်စားပေးပါက တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်၊ လျှို့ဝှက်ချက်ကတော့ မိမိခန္ဓာကိုယ်ရဲ့ အခြေအနေအရ သင့်တော်တဲ့နှုန်းဖြင့် လိုတိုးပိုလျှော့စားတတ်ဖို့ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်မတူညီပါဘူး၊ ‌ရောဂါအခြေအနေလည်းမတူညီပါဘူး၊ အဲဒီတော့ အကျိုးသက်ရောက်မှု ကလည်း အများကြီးကွာခြားသွားနိုင်ပါတယ်။ ကျမတို့မိန်းကလေးတွေအတွက် ရှားစောင်းလက်ပပ် ကို အစိမ်းစားစား၊ ယိုထိုးပဲစားစား၊ အုန်းတစ်လုံးဆေးချက်ပဲစားစား၊ ရှားစောင်းလက်ပပ်ထဲမှ အနှစ်ကို ဇွန်းလေးနဲ့ခြစ်ပြီး သကြားလေးနဲ့နေပူလှမ်းပဲစားစား၊ ထန်းဖိုထန်းလျက်နဲ့ပဲစားစား အလွန်ပင်ကောင်းပါတယ်၊ သွေးသားမှန်ကန်ပြီး ကျန်းမာဝဖြိုး အလှတိုးလာကြမှာဖြစ်ပါတယ်၊ တစ်ကြိမ်မှာ ဘယ်လောက်သုံးသင့်သလဲ........ဘယ်လိုအသုံးပြုကြသလဲ ရှားစောင်းလက်ပပ်ကို ယခုအခါ လူအများအပြားအသုံးပြုလာကြတာကို တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပပ်ကို စားသောက်ကုန်များ၊ လူသုံးကုန်များကို ဥပဒေနှင့်အညီ ထုတ်လုပ်လာကြတာ အများကြီးပါပဲ၊ ရှားစောင်းလက်ပပ်နဲ့ပြုလုပ်ထားတဲ့ စားသောက်ကုန်အနေနဲ့ ရှားစောင်း လက်ပပ် သကြားလုံး၊ လက်ဖက်ခြောက်၊ ရှားစောင်းလက်ပပ်အမှုန့်၊ ရှားစောင်းလက်ပပ်လျက်ဆား၊ ရှားစောင်းလက်ပပ်ယို၊ ရှားစောင်းလက်ပပ်ခေါက်ဆွဲ၊ အုန်းတစ်လုံးဆေး၊ ရှားစောင်းလက်ပပ် အချိုရည်စတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲစုံနေအောင် ဝယ်လို့ရနေပြီဖြစ်ပါတယ်၊ တခြားလူသုံးကုန် အလှကုန်ပစ္စည်းအနေနဲ့ ရှားစောင်းလက်ပပ်ခေါင်းလျှော်ရည်၊ ရှားစောင်း လက်ပပ် ဆံပင်သန်ဆေး၊ အလှဆီ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရှားစောင်းလက်ပပ်မျက်နှာသစ်၊ မျက်နှာ ပေါင်းတင်ဆေး၊ ဆံပင်လိမ်းသည့်ဂျယ်၊ စနိုး၊ မိတ်ကပ်၊ ကိုယ်လိမ်းပေါင်ဒါ၊ လိုးရှင်း၊ တိုနာ စတဲ့ နေ့စဉ်သုံးပစ္စည်းအလှကုန်တွေမျိုးစုံကိုလည်း ထုတ်လုပ်ထားတာတွ့ရှိရပါတယ်၊ မိဘပြည်သူများ အနေနဲ့ ရှားစောင်း လက်ပပ်နဲ့ပြုလုပ်ထားတဲ့ Ready made တွေကို အသုံးမပြုချင် သူများအတွက် ရှားစောင်းလက်ပပ်ကို အိမ်တွင်စိုက်ပျိုးထားပြီး လိုအပ်သလို အသုံးပြုလို့ရပါတယ် ၊ ဘယ်လို အသုံးပြုရမလဲ.....အရေးကြီးတဲ့အချက်က ဘယ်ရွှေ့ဘယ်မျှ သုံးစွဲသင့်သလဲ.....ဆိုတာပါပဲ၊ စားသုံးမယ်ဆိုရင် စစချင်း တစ်ခါတည်း အများကြီးမစားသင့်ပါဘူး၊ နည်းနည်းချင်းကနေ စပြီးစားသင့်ပါတယ်၊ ရောဂါကြောင့် ဝမ်းပူတာပဲဖြစ်ဖြစ်၊ အပူအစပ်စားလို့ပဲဖြစ်ဖြစ် ရှားစောင်း လက်ပပ်စားလိုက်လျှင် ဝမ်းအေးသွားပါတယ်၊ အစာအိမ်ရောင်လို့ စားလျှင် သက်သာစေပါတယ်၊ တစ်ဖက်တစ်လမ်းကဝင်ငွေတိုး ကျမတို့ဆီမှာ ယခင်နှစ်များထက် ယခုနှစ်တွေမှာ တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးလာကြ ပါတယ်၊ ဈေးကွက်ကလည်း ယခင်နှစ်ထက် ဈေးမြင့်လာပါတယ်၊ စိုက်ပျိုးသူအနေနဲ့ ရှားစောင်းလက်ပပ်ကို အပင်လိုက်လည်းရောင်းချတယ်၊ အလှပန်းအိုးနဲ့ လည်းရောင်းချတယ်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးဆရာများ၊ ၊ ယိုထိုးပြီးရောင်းချသူများ၊ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ အလှကုန်၊ စားသောက်ကုန်၊လူသုံးကုန် ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များက ရှားစောင်း လက်ပပ်အပင်ကို ဝယ်ယူရာ ယခုနှစ်တွင် အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်း တစ်ခုကို ကျပ် ၈၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး အနိမ်းဆုံးစိုက်ခင်းတစ်ခုကို အပင်ကိုကြည့်ပြီး ကျပ် ၃၀၀၀၀ ခွဲမှ ၄၀၀၀၀ ကျပ် ပေးဝယ်ကြောင်း၊ ယခင်နှစ်က အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်းတစ်ခုကို ကျပ် (၅၀၀၀)၊ အနိမ်းဆုံးစိုက်ခင်းတစ်ခုကို အပင်ကိုကြည့်ပြီး ကျပ်(၁၅၀၀၀)မှ(၂၀၀၀၀) ထိသာရှိ ကြောင်း သိရှိရပါတယ်၊ ဧကအလိုက် မဟုတ်ပဲ ပေနဲ့သာရောင်းချရပါကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ပါက ဈေးပိုမိုရရှိလာကြောင်းသိရှိရပါ တယ်၊ အဲဒီလို ဈေးပိုမိုရရှိလာတဲ့အတွက် များသောအားဖြင့် ခြံဝန်းများကို အလဟဿ မထားပဲ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရဖို့ ရှားစောင်းလက်ပပ်အပင်ကို ပိုမိုစိုက်ပျိုးလာ ကြပါတယ်၊ ရှားစောင်းလက်ပပ်ကို စိုက်ပြီး အသုံးပြုလိုကြတဲ့ သူများကအပင်မှ အလက်များကို ဓားဖြင့် လှီးဖြတ်၍ တစ်ထပ်ခြင်းအစီအရီထပ်ထည့်ပြီး ရှားစောင်းလက်ပပ်အတွင်းက အနှစ်ကို ခြစ်ယူကာ အနှစ်ကို ပိဿာဖြင့် ရောင်းချရသလို အပင်လိုက်၊ အခင်းလိုက် ပုတ်ပြတ်လည်း ရောင်းချရပါသည်။ အခင်းလိုက်ပုတ်ပြတ်ဝယ်ယူသည့် ပွဲစားများက ကုန်ကြမ်းမှ ကုန်ချောသို့ ထုတ်လုပ်သူများထံ တဆင့်ရောင်းချပြီး မိမိတို့ လိုသလောက် လူငှားများဖြင့် လှီးဖြတ်တာကို တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပပ်ကို Value added ပြုလုပ်၍ စားသုံးနိုင်သည့်နည်းလမ်းများ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းရှင်များသည် ရှားစောင်းလက်ပပ်ကို ရှားစောင်းလက်ပပ်ယို၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ်သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာပျောက်ကင်းစေတဲ့ဆေး၊ ဆီးပူခြင်း၊ အပူကန်ခြင်း အတွက်လည်း တကယ်စေးစွမ်းကောင်းတစ်လက်ဖြစ်သလို ကျန်းမာရေးနှင့် ကိုက်ညီ သည့် လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် Value added များ အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါတယ်၊ ရှားစောင်းလက်ပပ်ကို သဘာဝပစ္စည်းများဖြစ်သော ပျားရည်တို့ဖြင့် ကျိုချက်စားသုံးပါက အမျိုးသမီးများအတွက် အသားအရေလှပကာ ကျန်းမာဝဖြိုး အလှ တိုးစေပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို စိုက်ပျိုးခြင်းဖြင့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆေးဘက်လည်းဝင် ဈေးကွက်ဝင်” စေပြီး အရင်းအနှီးအနည်းငယ်ဖြင့် တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိသည့်အတွက် တပိုင်တနိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုးသင့်သည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းရေးသားလိုက်ရပါသည်။