
၁.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်ရှိ မေဘရန်းဒက် ကော်လက်ရှင်နှင့် မိုးပွင့် စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းတို့အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မော်လမြိုင်မြို့နယ်ရှိ မေဘရန်းဒက် ကော်လက်ရှင် နှင့် မိုးပွင့် စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ လိုက်နာရမည့်တာဝန်များကို ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
