ညောင်ပင်သာရပ်ကွက်ရှိ “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ  ဒု-ဉီးစီးမှူး ဒေါ်စန္ဒာမွန်နှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်ရှိ “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ဇင်ဉီး၏နေအိမ်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၁၉ ) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး) က မုန့်များပြုလုပ်တွင်  လက်အိတ်များကိုအသုံးပြု၍ ထုပ်ပိုးမှုများပြုလုပ်ရန်၊  မုန့်ဖုတ်သည့်မုန့်ဖိုများအတွင်း သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်အသုံးပြုလုပ်ကိုင်ရန်နှင့် ဓာတုဆေးဝါးများအသုံးပြုခြင်းကို လျော့ပါးအောင်ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့်နည်းလမ်းများကိုအသုံးပြု၍ ပြုလုပ်ရောင်းချရန်တို့ကိုဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏အမှတ်တံဆိပ်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများကသတ်မှတ်ထားသောအချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ဇင်ဉီးကလည်း ကုန်ကြမ်းပစ္စည်းများဈေးနှုန်းကြီးမြင့်ခြင်း၊ လျှပ်စစ်မီးများမရရှိသောကြောင့် စက်သုံးဆီအသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်ကြီးမြင့်၍ အမြတ်အစွန်းအနည်းငယ်သာရရှိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးချက်များကိုလည်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုကို သိရှိရပါသည်။

DOCA(စစ်ကိုင်း)