
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် ကလေးမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကလေးမြို့ရှိ လျှပ်စစ်ဦးစီးဌာနသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်ဝန်ထမ်း (၁၂) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း (ဦးစီးအရာရှိ) က စားသုံးသူ၏အဓိပ္ပါယ်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ရည်ရွယ်ချက်များ၊ မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ မတူညီသေလုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်များကိုဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကိုအလေးထားပြီး ကြည့်ရှုစေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်းကိုပြောကြားခဲ့ပြီးနောက် ဒေါ်ဇင်မိုးဝါ (အကြီးတန်းစာရေး) က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၄) တွင်ပါရှိသည့် ကော်မရှင်၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ မိမိတို့ဌာန၏ ဥပဒေရည်ရွယ်ချက်များအောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စများကို အစိုးရအဖွဲ့သို့အကြံပြုတင်ပြခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ်ခြင်း၊ စာသုံးသူအသုံးပြုမည့် (သို့မဟုတ်) စားသုံးမည့်ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရန် ဉီးစားပေးကဏ္ဍများသတ်မှတ်ပေးခြင်း၊ စားသုံးသူများအား ကြီးမားသောဘေးအန္တရာယ် ဖြစ်ပေါ်စေခဲ့လျှင် (သို့မဟုတ်) နစ်နာဆုံးရှုံးစေခဲ့လျှင် လိုအပ်သလို အရေးပေါ်အစည်းအဝေးများခေါ်ယူကျင်းပ၍ စီမံဆောင်ရွက်ပေးခြင်းကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိပါကြောင်း အသိပညာပေးခဲ့မှုကိုသတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)