ရွှေတောင်မြို့နယ်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး FDA နှင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်မှုကော်မတီတို့နှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ရွှေတောင်မြို့ပေါ်ရှိ ဈေးဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့်လူသုံးကုန်၊ အလှကုန်ဆိုင်များသို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချနိုင်ရေးရည်ရွယ်၍  စစ်ဆေးခဲ့ပါသည်။ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချလျက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ပဲပြားများတွင် တာရှည်ခံဆေးများအသုံးပြုထားမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်ကိုသာရောင်းချရန်၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့အားပြောကြားခဲ့ပြီး ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)