တောင်ငူမြို့၊ အခြေခံညာအထက်တန်းကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကိုကျင်းပပေးလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသိပညာပေးဟောပြောပွဲများကိုကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို အကျယ်တဝင့်ဟောပြောခဲ့ပါသည်။

   ပူးပေါင်းပါဝင်သည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများကလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည်များကို အသိပညာပေးဟောပြောခဲ့ကြောင်း၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၃၀၀ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၅၄၀ဦးတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)