
ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကကြီးကြပ်၍ မင်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ မင်းလှမြို့နယ်၊ ဇရစ်ချောင်းကျေးရွာအုပ်စု၊ ဆင်အိုင်ကျေးရွာ၊ အခြေခံမူလတန်းကျောင်းသို့ (၂၁-၇-၂၀၂၃) ရက်နေ့တွင်သွားရောက်ပြီး စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းလှမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးကာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများအား ယခုအရွယ်မှပင်စတင်၍ အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ကြည်ရှု့စစ်ဆေးဝယ်ယူနိုင်ရေး၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ (၄) ဦး၊ ကျောင်းသား/ကျောင်းသူ (၉၄) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည့်အချက်များကိုမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)