ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား‌ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီ၏ ပြည်တွင်း၌   Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူသော/ FDA မှတ်ပုံတင်ထားခြင်းမရှိသော/ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်အတုများ စျေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးကာ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားအပြည့်အစုံဖော်ပြထားရှိသော ကုန်ပစ္စည်းများရောင်းချနိုင်ရေး အသိပညာပေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)