ဘားအံမြို့ရှိ စက်သုံးဆီအရောင်းများသို့ ရှောင်တခင်ဝင်ရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၂၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီးအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ကသတ်မှတ်ထုတ်ပြန်ပေးလျက်ရှိသော စက်သုံးဆီအမျိုးအစားအလိုက် နေ့စဉ်သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် ဈေးနှုန်းသတင်းအချက်အလက်များအား Bill Board တွင် ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။

     (၂၈-၇-၂၀၂၃) ရက်နေ့တွင် ကရင်ပြည်နယ်အတွင်း စက်သုံးဆီအမျိုးအစားအလိုက် 1 Litter အပေါ် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများမှာ 92 Ron ကို ၂၂၇၀ကျပ်၊ 95 Ron ကို  ၂၃၈၀ကျပ်၊ HSD (50 ppm) ကို ၂၃၂၅ကျပ်၊ HSD (50 ppm) ကို ၂၄၀၅ကျပ်၊ HSD (10 ppm) ကို ၂၄၀၅ ကျပ်တို့ဖြစ်ကြောင်းသိရသည်။ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၁၁၁၂၉၊ ၀၉-၆၉၉၆၁၁၁၁၆၊ ၀၉-၄၄၀၄၃၃၅၃၃ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)