ဘားအံမြို့နယ်ရှိ ဘားကပ်ဈေးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ ဘားကပ်ဈေး၌ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်များရှိ ကုန်ပစ္စည်းများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

  ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိ/မရှိတို့ကိုစစ်ဆေးပြီးနောက် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကိုမရောင်းချရန်တို့ကိုသိရှိစေရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)