ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ၊ ရဲထွန်းဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ (၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအခမ်းအနားတွင်၊ ဒိုက်ဦးမြို့ ရဲထွန်းဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်တို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆန်စက်၊ ဆီစက်၊ စပါးအခြောက်ခံစက်လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆီစက်၊ ဆန်စက်၊ စပါးအခြောက်ခံစက်လည်ပတ်နေမှုအခြေအနေ၊ စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ လျှပ်စစ်မီးဖြင့် ဆန်စက်ငယ်များ၊ အိမ်တွင်းစက်မှုလုပ်ငန်းများတွင် သုံးစွဲနိုင်ရေးဆောင်ရွက်ပါက ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ချဲ့ထွင်နိုင်ကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများအား လျှပ်စစ်မီးရရှိသုံးစွဲနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား ဦးရဲမြင့်က (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ လက်တွေ့ ရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဖိတ်ကြားထားသောဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)