ဒိုက်ဦး၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက စပါးခွံလောင်စာသုံး (Gasifire) စက်ရုံအား ကြည့်ရှုစစ်ဆေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ‘ရဲထွန်း’ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ၂၇ရက်နေ့၊ နံနက်( ၁၀:၀၀) နာရီအချိန်တွင် စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှု့ စစ်ဆေးခြင်းကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံများအား ကြည့်ရှု့စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifire စက်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ‘ရဲထွန်း’ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အထွေထွေဆွေးနွေးခြင်းအခမ်းအနားကျင်းပကာ ဝန်ကြီးနှင့် တက်ရောက်လာသောဧည့်သည်တော်များက အဆင့်မြင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)