ဒေးဒရဲမြို့အမှတ်(၁)ရပ်ကွက် အောင်မင်္ဂလာကွက်သစ်နေ ပြည်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်  တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့၊  နေ့လည်(၁၀:၀၀)နာရီအချိန်တွင်   ဒေးဒရဲမြို့အမှတ်(၁)ရပ်ကွက် အောင်မင်္ဂလာကွက်သစ် ရာအိမ်မှူး ဦးကျော်ငြိမ်း၏နေအိမ်တွင်    ပြည်သူ(၁၂)ဦးအား   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို   ကျင်းပဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသိန်းမောင်မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ လုပ်ငန်းရှင်များမှမိမိထုတ်လုပ်ဖြန့်ဖြူးသော ကုန်စည်များ၏တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်၊ ဝန်ဆောင်မှုများကိုမည်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား များပါဝင်မှု၊ ဖော်ပြထားရှိမှုများနှင့်ပတ်သက်၍ပြောကြားပြီးနောက် တိုင်း/ခရိုင်/မြို့နယ်များတွင်လည်း တိုင်ကြားမှုလက်ခံ စင်တာများထားရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ လူထုမီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တိုင်ကြားနိုင်သလို Callcenter 1535 မှလည်းဆက်သွယ် တိုင်ကြားနိုင်ကြောင်း စားသုံးသူကိစ္စရပ်များနှင့်သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)