စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ပါသည်။
စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မပါမဖြစ်အသုံးပြုနေရခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုမရှိသည့်စားသုံးဆီကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကြုံတွေ့လာနိုင်ခြင်းတို့ကြောင့် စစ်ဆေးခြင်းဖြစ်ကြောင်းပြောကြားကာ အဆိုပါစားသုံးဆီများတွင် ကုန်အညွှန်းဖော်ပြရာ၌ ပင်ရင်းပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြခြင်းရှိ/ မရှိနှင့် ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်များဖြင့် ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့၍ ဇလွန်မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင် (၂) ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)