သာယာဝတီခရိုင်ဆီကုန်သည်များနှင့် လုပ်ငန်းရှင်အသင်းဖွဲ့စည်းခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးအစည်းအဝေးပွဲကို (၃-၈-၂၀၂၃) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် စသည့်မြို့နယ်များမှ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များ၊ ဆီရောင်းချ/ ဖြန့်ဖြူးသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်ဆီကုန်သည်အသင်းဖွဲ့စည်းရခြင်းမှာ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် အခြေခံလူတန်းစားများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်၊ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို အသင်းဝင်  (၁၅) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။