ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်း(အ-မ-က)ကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်း (အ-မ-က)ကျောင်း၌ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တခြားပူးပေါင်းအဖွဲ့များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ဌာနအလိုက် အသိပညာများဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဟောပြောပြီးနောက် စားသုံးသူများရရှိရမည့်အခွင့်အရေး၊ လိုက်နာရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြောခဲ့ပြီး ဒေါ်နွေးနွေးက ကျောင်းသား/ကျောင်းသူများကိုပုံပြင်များပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က မှတ်ပုံတင်ထားပြီးသော တိုင်းရင်ဆေးများကိုသာဝယ်ယူသောက်သုံးသင့်ကြောင်းနှင့် အားကစားနှင်ကာယပညာဦးစီးဌာနမှ အားကစားမှူးက ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများကိုလုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သိုင်းပညာများအနက် သိုင်းကွက် (၆၃)ကွက်သရုပ်ဖော်၍ပြသခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)