ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု ၊ ဒေါင်းမြတ်နား ကျေးရွာရှိ ပဲတီစိမ်း စိုက်ဧက (၃.၅) ဧက စိုက်ပျိုးသော တောင်သူ ဦးခင်မောင်ဌေး၏ လယ်သို့ ကွင်းဆင်းရာတွင် ပဲတီစိမ်း ထွက်ရှိမှု အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၉-၁၀) တင်းထွက်ရှိပြီး စုစုပေါင်းအထက်မှာ ၃၁ တင်းမှ ၃၅ တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ပဲတီစိမ်းမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပြီး မျိုးတစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း သိရှိရပါသည်။
စျေးနှုန်းများအနေဖြင့် ယခုအချိန်ထွက်ရှိသော မိုးပဲတီစိမ်းစျေးနှုန်းမှာ တစ်တင်းလျှင် (၄၃၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်တွင်လည်း တစ်တင်းလျှင် (၄၃၀၀၀) ကျပ်စျေးဖြင့် စျေးနှုန်းတူနေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အတိုင်း စျေးတူသော်လည်း ယခုနှစ်အနေဖြင့် သွင်းအားစုများ ဖြစ်သည့် ပိုးသတ်ဆေး ၊ အပင်အားဆေးများ စျေးနှုန်းမြင့်တက်မှုကြောင့် ယခုထက်ပိုမို၍ စျေးကောင်းရရှိနိုင်ရေး ပဲစိုက်တောင်သူများမျှော်လင့်လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)
ပန်းတောင်းမြို့နယ်တွင် မိုးပဲတီစိမ်းများစတင်ထွက်ပေါ်
Powered by Drupal