ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ( ၂၃ )ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်( ၇ ) ဦးအား ဘိုကလေးမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးဆီ(ဘူးဆီ)များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများနှင့် FDA ထောက်ခံချက် အမှတ်အသားပါသော စားသုံးဆီ(ဘူးဆီ)များကို ရောင်းချကြရန်နှင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုလျှင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်( ၇ )ချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)