Main menu

ဘိုကလေးမြို့ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ( ၂၃ )ရက်နေ့၊ ‌နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်( ၇ ) ဦးအား ဘိုကလေးမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးဆီ(ဘူးဆီ)များနှင့်ပတ်သက်၍   မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများနှင့် FDA ထောက်ခံချက် အမှတ်အသားပါသော စားသုံးဆီ(ဘူးဆီ)များကို ရောင်းချကြရန်နှင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုလျှင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်( ၇ )ချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာ‌ပေး ဟောပြောခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)