ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်စက်လုပ်ငန်းရှင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် နှစ်စဉ်မိုးစပါးများ စိုက်ပျိုးရာတွင် တောင်သူဦးကြီးများမှ ဈေးနှုန်း၊ ဈေးကွက်ကောင်းသည့် ရွှေဘိုပေါ်ဆန်းစပါးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်နှင့် အညီ ရွှေဘိုပေါ်ဆန်း ဆန်အပါအဝင် အခြားသောဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ (၂၅.၈.၂၀၂၃)ရက်နေ့တွင်ထုတ်ပြန်သော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်ပါ သတ်မှတ်သောဈေးနှုန်းများအတိုင်း ရောင်း ချရေးအတွက် ရွှေဘိုခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်စက်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို(၂၈.၈.၂၀၂၃)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

    အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်များမှ ဆန်/စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်  တွေ့ကြုံနေရသည့်အခက်အခဲများကို ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြပြီး ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက် ဖော်ထုတ် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်(၃)ဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်(၂၅)ဦး စုစုပေါင်း (၃၃)ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)