စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် နှစ်စဉ်မိုးစပါးများ စိုက်ပျိုးရာတွင် တောင်သူဦးကြီးများမှ ဈေးနှုန်း၊ ဈေးကွက်ကောင်းသည့် ရွှေဘိုပေါ်ဆန်းစပါးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်နှင့် အညီ ရွှေဘိုပေါ်ဆန်း ဆန်အပါအဝင် အခြားသောဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ (၂၅.၈.၂၀၂၃)ရက်နေ့တွင်ထုတ်ပြန်သော ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်ပါ သတ်မှတ်သောဈေးနှုန်းများအတိုင်း ရောင်း ချရေးအတွက် ရွှေဘိုခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်စက်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို(၂၈.၈.၂၀၂၃)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်များမှ ဆန်/စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြပြီး ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက် ဖော်ထုတ် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်(၃)ဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်(၂၅)ဦး စုစုပေါင်း (၃၃)ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)