“မြန်မာ့ပဲများ EU စံချိန်စံညွှန်း၊ အရည်အသွေးကိုက်ညီစေရေး တောင်သူများအား GAP Training သင်တန်းများ ပို့ချနိုင်ရေး ညှိနှိုင်းဆွေးနွေး”

Powered by Drupal

ရန်ကုန်၊ ၂၄ - ၁၁ - ၂၀၂၁
၂၀၂၁-၂၀၂၂ ပဲရာသီတွင် EU နိုင်ငံများသို့ Bean Sprouting အတွက် မြန်မာ့ပဲများ တင်ပို့ရာ၌ EU နိုင်ငံ၏ သတ်မှတ်ချက် စံချိန်စံညွှန်း၊ အရည်အသွေးများ ကိုက်ညီစေရေးနှင့် သီနှံများ လိုအပ်ချက်များနှင့်အညီ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ တောင်သူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် GAP Training သင်တန်းများ ကွင်းဆင်း ပို့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၄.၁၁.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး၊ ဦးရွှေဖြူ မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်စိုး နှင့် ပဲတင်သွင်းသည့် ကုမ္ပဏီများ ဖြစ်ကြသော Pyei Phyo Aung Co.,Ltd, Arkar Oo Co.,Ltd, Aung Kyun Thar Co.,Ltd, Bright Light Co.,Ltd, New Golden Gate (1991) Co.,Ltd, United Dragon Co.,Ltd, Trade Canal Group Co.,Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တောင်သူပညာပေးသင်တန်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် သန်လျင်မြို့နယ် ၌လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ခရမ်းမြို့နယ် ၌ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၌ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် သုံးခွမြို့နယ်၌ လည်းကောင်း တောင်သူစုစုပေါင်း (၃၂၅)ဦးအား သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)