သထုံခရိုင်ရှိ မြို့နယ်ရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းသည် ၂၆.၁၁.၂၀၂၁ ရက်နေ့တွင် သထုံခရိုင်ရှိ မြို့နယ်ရုံးများသို့ သွားရောက်စစ်ဆေးရာ သထုံခရိုင် ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အဆောက်အဦများ လုံခြုံရေး၊ မီးဘေးလုံခြုံရေး၊ Covid -19 စည်းကမ်းချက်နှင့်အညီ ရုံးလုပ်ငန်း များ ဆောင်ရွက်ရန်၊ အထက်အကြီးအကဲများ လာရောက်သည့်အခါ ဦးစီးမှတ်စုများနှင့် ဌာနခွဲ တာဝန်ခံများမှ ဌာနခွဲများအလိုက် အစီရင်ခံစာတင်ပြနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ပုံသေပိုင်ပစ္စည်းများအား စနစ်တကျမှတ်တမ်းထားရှိပြီး အတိုး/အလျော့များကို Update ပြုလုပ် ထားရန်၊ ခရိုင်ဦးစီးမှူးလုပ်ငန်းဆောင်ရွက်ချက်များကို ပုံမှန်အစီရင်ခံစာတင်ပြရန်၊ မြို့နယ် တာဝန်ခံများအနေဖြင့် မိမိကျရာမြို့နယ်တွင် လုပ်ငန်းတာဝန်များအား အဆင်ပြေစွာဆောင်ရွက် နိုင်ရေး လိုအပ်ချက်များကို တင်ပြကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်(DOCA)