တောင်ငူမြို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချပေး

Powered by Drupal

    ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများသည် တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ အခြေခံစားကုန်တို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပါသည်။

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် တောင်ငူမြို့နယ်ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့်လည်းကောင်း၊ ဘုရင်မဆီပွဲရုံတွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

     မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးများကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူမျာက ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးကြပါသည်။

  ထို့အတူ ဘုရင်မဆီပွဲရုံသည် အမှတ်(၁၁)ရပ်ကွက်မှ အခြေခံလူတန်းစားများအား စားအုန်းဆီပိဿာ ၂၂၀ကိုလည်းကောင်း၊ ဦးအောင်ကျော်ဆီပွဲရုံသည် အမှတ်(၁၂)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား စားအုန်းဆီပိဿာ ၂၂၀ကိုလည်းကောင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးကြောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)