Languages

အိန္ဒိယမှ ဆန်ဝယ်ယူတင်သွင်းနိုင်ရေး မလေးရှားအစိုးရက ဆွေးနွေးမည်

Powered by Drupal

မလေးရှားနိုင်ငံ၌ ဆန်ဈေးနှုန်းမြင့်တက်မှုနှင့် ရောင်းလိုအား ပြတ်တောက်မှုများအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေနိုင်ရန် အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး မိုဟာမက်ဆာဘူက ၁၈-၉-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံရှိ နိုင်ငံပိုင် ဆန်တင်သွင်းသည့် အဖွဲ့အစည်းဖြစ်သော Bernas သည်လည်း ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့ အခြားသောဆန်တင်ပို့ပေးသွင်းသူများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်သို့ ပြောကြားခဲ့သည်။

ပူပြင်းသော ရာသီဥတု၏ စပါးရိတ်သိမ်းခြင်းအပေါ် ခြိမ်းခြောက်မှုနှင့်အတူ ထိပ်တန်းဆန် တင်ပို့သူ အိန္ဒိယဦးဆောင်သော နိုင်ငံများ၏ ငွေကြေးဖောင်းပွမှုကို တားဆီးရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန် တင်ပို့မှုများကို ကန့်သတ်ခြင်းတို့က အာရှရှိ အခြားနိုင်ငံများကဲ့သို့ပင် မလေးရှားသည်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ရောင်းလိုအားအပိုင်း နည်းပါးလာပြီး ဆန်ဈေးနှုန်းများ မြင့်တက်လာမှုကို ကြုံတွေ့ရလျက်ရှိသည်။ 

မလေးရှားနိုင်ငံတွင်းရှိ ဆန်စက်များအနေဖြင့် ၎င်းတို့၏ လစဉ်ထုတ်လုပ်မှုကို ၁ နှစ်အတွင်း ၂၀ ရာခိုင်နှုန်း တိုးမြှင့်ရန် တိုက်တွန်းထားကြောင်း၊ လက်ရှိ ပြည်တွင်း ဆန်ပြတ်လပ်မှုကို တစ်လအတွင်း ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ မလေးရှားနိုင်ငံ၏ လက်ရှိ အရန်ဆန်သိုလှောင်ထားရှိမှုမှာ မက်ထရစ်တန်ချိန် ၉၀၀၀၀၀ ရှိပြီး လေးလမှ ငါးလအတွက် ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်မှုရှိကြောင်းဖြင့် မလေးရှားစိုက်ပျိုးရေးဝန်ကြီး မိုဟာမက်က ပြောကြားခဲ့သည်။

Source: Economic Times, 14 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)