ကန့်ဘလူမြို့နယ်အတွင်း စက်တင်ဘာလအတွင်း ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့်  ဩဂုတ်လနှင့်စက်တင်ဘာလ လဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပြောင်း (၇၅)တင်း/(၇.၂၆)တန် ဈေးနှုန်းမှာ (၁၇၀၀၀)ကျပ်၊ မြေပဲအတောင့် (၃၀၀) တင်း/(၂၈.၀၆)တန် ဈေးနှုန်းမှာ (၃၀၀၀၀)ကျပ် ၊ မြေပဲလုံးဆန် (၈၀၀)ပိသာ တစ်ပိသာလျှင် ဈေးနှုန်း မှာ(၆၈၀၀)ကျပ်၊ ပဲတီစိမ်း (၉)တင်း/(၀.၈၂)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၆၀၀၀) ဈေးရှိပါ သည်။ မတ်ပဲ (၃၄)တင်း/(၃.၁၂၅)တန် ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင်(၈၀၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။      ကုလားပဲအမျိုးအစား (၄)မျိုးရှိရာ (929)အမျိုးအစားပဲမှာ(၄၅)တင်း/ (၄.၂၁)တန် ဝင်ရောက်ပြီး ဈေးနှုန်းမှာ (၈၂၀၀၀)ကျပ်၊ (v2)အမျိုးအစားပဲမှာ (၄၅)တင်း/ (၄.၂၁)တန်၊ ဈေးနှုန်းမှာ(၈၃၀၀၀)ကျပ်၊ ၊ ပဲစဉ်းငုံ (၆)တင်း/ (၀.၅၅)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၂၅၀၀၀)ကျပ်၊ ပဲဇီးကွက် (၁၂၅)တင်း/ (၂၀.၄၆)တန် ရှိပြီး ဈေးနှုန်းမှာ(၆၀၀၀)ကျပ်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ နေကြာ (၄၈)တင်း/(၂.၁၁)တန် ဈေးနှုန်းမှာ (၄၃၀၀၀)ကျပ်၊ ဖြစ်ပြီး အဝင်/အထွက်နည်းသော အချို့သီးနှံများသည် တောင်သူများမျိုးကျန်များ ထုတ်ရောင်းကြခြင်းဖြစ်၍  အနည်းငယ်သာ အဝင်/အထွက်ရှိကြောင်းနှင့်   မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)