သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်လျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့်အသားငါးများကို အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့မှာ ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်လျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(ပုသိမ်) (၁)ပြည်လျှင် ကျပ်(၅၀၀၀ - ၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်) (၁)ပြည်လျှင် ကျပ်(၄၂၀၀ - ၅၀၀၀)၊ မနောသုခ(၁)ပြည်လျှင် ကျပ်(၃၅၀၀)၊ မှော်ဘီဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀ - ၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင်  ကျပ်(၁၄၀၀၀ - ၁၆၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင်  ကျပ်(၁၄၀၀၀ - ၁၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၇၀၀ - ၃၀၀၀)၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် ကျပ်(၈၀၀၀ - ၉၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၅၀၀ - ၃၃၀၀)၊ ကုလားပဲခွဲခြမ်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀ - ၆၂၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ်(၃၀၀၀- ၃၅၀၀)၊ ငရုတ်ခြောက်(အပွ)(၁)ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)၊ ငရုတ်ခြောက်(အကျစ်)(၁)ပိဿာလျှင် ကျပ် (၁၈၀၀၀-၁၉၀၀၀)၊ ခရမ်းချဉ်သီး (ရှမ်းသီး) (၁)ပိဿာလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)နှင့် ငါးကြင်း(၁)ပိဿာလျှင် အကောင်အကြီး/ အသေးအလိုက် ကျပ်(၁၂၀၀၀-၁၅၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။         

DOCA(မကွေး)