မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မုဒုံမြို့နယ်တာဝန်ခံတို့သည် (၆-၁၀-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့၊ အ.ထ.က (၂)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ၊ CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများအနေဖြင့် Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)သို့လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၂၆၇) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)