ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

       ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေများကို ဘားအံမြို့၊ ကျော်စိုး(ပဲပွဲရုံ)သို့ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ ပဲမျိုးစုံ၏ ၁ပိဿာဈေးနှုန်းများမှာ ထောပတ်ပဲ ၈၀၀၀/-ကျပ်၊ ပဲလွန်းဖြူ ၃၀၀၀/-ကျပ်၊ ဘိုကိတ် ၃၅၀၀/-ကျပ်၊ ပဲပုတ် ၃၇၀၀/-ကျပ်၊ မတ်ပဲ ၃၈၀၀/-ကျပ်၊ ပဲတီ‌ရွှေဝါ ၃၅၀၀/-ကျပ်၊ ပဲတီစိမ်း ၃၀၀၀/-ကျပ်၊ မြေပဲဆန် ၉၀၀၀/-ကျပ်၊ နှမ်း(ကိုင်း) ၇၀၀၀/-ကျပ်၊ နှမ်း(တောင်ယာ) ၈၀၀၀/-ကျပ် ဖြစ်ကြောင်း သိရသည်။

      ဈေးကွက်အနေဖြင့် နှမ်း(တောင်ယာ)၏ဈေးနှုန်းမှာ တည်ငြိမ်နေပြီး ထောပတ်ပဲနှင့် ကျန်ပဲဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)