ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူသည် " *** "Limited မှ Sim Life Cycle Policy နှင့်ပတ်သက်၍ သတ်မှတ်ထုတ် ပြန်ထားသည့်အတိုင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူ ရေးရာဦးစီးဌာန၊ Website Complaint System သို့ တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက “ *** ” Limited သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ “ *** ” Limited မှ စိစစ်ချက်များအရ တိုင်ကြားသူ၏ ဖုန်းနံပါတ် 09xxxxxxxxx မှာ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် နောက်ဆုံးငွေဖြည့်သွင်းခဲ့ပြီး နောက်ထပ် (တစ်နှစ်အတွင်း) ငွေဖြည့်သွင်းမှုမရှိတော့သည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် အဆိုပါဆင်းကဒ်သည် သတ်မှတ်ထုတ်ပြန်ထားသည့် Sim Life Cycle လုပ်ထုံးလုပ်နည်းများအရ သက်တမ်းကုန်ဆုံးသွားခြင်းဖြစ်ကြောင်းကို တိုင်ကြားသူထံဆက်သွယ်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါကြောင်းနှင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ “ *** ” Limited ၏ ဖြေရှင်းဆောင်ရွက်ပေးမှုကို ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။