ညောင်တုန်းမြို့နယ်၊ ပါလှည့် (အ.ထ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၄-၁၀-၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ညောင်တုန်းမြို့နယ်၊ ပါလှည့် (အ.ထ.က) ရှိ ကျောင်းသား/ ကျောင်းသူ (၃၂၀)ဦးအား မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်၊ ပါလှည့်အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက လူငယ်နှင့်အားကစား၊ နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်များနှင့်ပတ်သက်၍ အသိပညာပေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးအခွင့်အရေး(၈)ချက်နှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသောကုန်စည်များကို နမူနာပုံစံပြသကာ ၎င်းကုန်စည်နှင့်စားသောက်ကုန်များကို အဓိကထားအသုံးပြု၍ စားသောက်သင့်ကြောင်း၊ ကျောင်းသား(၃၂၀)ဦးအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

   ၎င်းနောက် ကျောင်းတွင်းရှိမုန့်ဈေးဆိုင်တန်ရှိ မုန့်ဆိုင်(၄)ဆိုင်သို့သွားရောက်ကာ ဈေးသည်များရောင်းချနေသောမုန့်မျိုးစုံများနှင့်အချိုရည်များတွင် ကျန်းမာရေးနှင့်ညီညွတ်၍ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော အစားအသောက်များကိုသာရောင်းချသင့်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုးသိရှိရပါသည်။

DOCA(ဧရာဝတီ)